Pages

Tuesday, May 24, 2011

Mutual Friends Sharing in Facebook

Facebook မှာ သူငယ်ချင်းတွေ မြင်ကြပါစေတော့ဆိုပြီး စာတွေတင်ကြ၊ ပုံတွေတင်လိုက်ကြတာ။ တကယ်တမ်းတော့ သူငယ်ချင်းမဟုတ်တဲ့သူတွေဆီပါ ရောက်သွားတာမျိုးတွေ ဖြစ်တတ်ပါသည်။ Friend Request လုပ်လာသမျှကို မစစ်ဆေးပဲ Confirm လုပ်၊ နောက်ပိုင်း ကိုယ်တင်သမျှတွေက အဲဒီလူ Wall မှာ သွားပေါ်၊ ကိုယ်နဲ့သူနဲ့က တကယ်မသိဘဲ သူက ကိုယ့်အကြောင်းတွေတောင် အကုန်သိလို့။ အဲဒီလို မဖြစ်စေချင်ဘူး ဆိုရင်တော့..

Facebook မှာ status ကိုပဲဖြစ်ဖြစ်၊ photo/video ကိုပဲ ဖြစ်ဖြစ် share လုပ်တဲ့အခါမှာ ဘယ်သူတွေကိုပဲ share လုပ်မလဲဆိုတာ ရွေးပေးနိုင်ပါတယ်။ ပုံမှာ ပြထားသလိုပါ။
ပုံမှန်အားဖြင့်တော့ Facebook က Friends Only ကို ရွေးထားပြီးသားပါ။ ဒါပေမဲ့ အဲဒီ Friends Only ထဲမှာကိုက ကိုယ့်ရဲ့ တကယ့်သူငယ်ချင်းမဟုတ်တဲ့သူတွေ ပါနေတာကိုး။ အဲဒါကြောင့် ကိုယ့် သူငယ်ချင်း အရင်းခေါက်ခေါက်တွေကိုပဲ သက်သက် Group ဖွဲ့ထားပြီး Share လုပ်တိုင်း အဲဒီ Group လေးကို ရွေးပြီး share လုပ်နိုင်ပါတယ်။
Facebook ရဲ့ ဘယ်ဘက်က Friends ကို ရွေးပါ။

ပြီးတော့ Create a List ကို နှိပ်ပါဦး။
အဲဒီအခါမှာ Box တစ်ခု ပေါ်လာပါလိမ့်မယ်။ List အတွက် နာမည်ပေးပါ။ ပြီးတော့ ကိုယ့်သူငယ်ချင်းတွေကိုပဲ သေချာရွေးပြီး Select လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Create List ကို နှိပ်လိုက်ပါ။
ဒါဆိုရသွားပါပြီ။ စပြီး Share လုပ်ကြည့်ရအောင်။
Status တစ်ခုလောက် ရိုက်ပြီး Share ကို မနှိပ်သေးခင် သော့ကို အရင်နှိပ်ပါ။ Customize ကို ရွေးပါ။ အဲဒီအခါ အခုလို ပေါ်လာပါလိမ့်မယ်။
These people နေရာမှာ အစောက ကိုယ်လုပ်ခဲ့တဲ့ List နာမည်ကို ရိုက်ပေးပါ။ စာရေးသူကတော့ List နာမည်ကို Real Friends လို့ ပေးခဲ့တာမို့ ဒီမှာလည်း Real Friends လို့ ရိုက်ထည့်လိုက်ပါတယ်။ တကယ်တမ်းတော့ Re လို့ ရိုက်ရုံနဲ့တင်ကို ပေါ်လာတာပါ။

ပြီးရင်တော့ Save Setting ကို နှိပ်လိုက်ပါ။
ရပါပြီ။ Share လိုက်ပါတော့။ အဲဒီ List ထဲက လူတွေဆီပဲ ရောက်သွားပါလိမ့်မယ်။
Ref:www.myanmaritmen.org

0 comments:

... ကြိုဆိုပါတယ်

ခုလိုကျနော့်ဘလောဘ့်ကိုမငြီးမငြူ
ဝင်ရောက်အောင့်အီးပြီးမျှဝေခံစားပေးတဲ့
ချစ်ဘော်ဒါတွေကိုကျေးဇူးတင်ပါတယ်