အဆိုပါ ၄၄ ဒသမ ၅၀၆ ဧက ကျယ်ဝန်းသော ဥယျာဉ်ကို စစ်အစိုးရနှင့်နီးစပ်သည့် ဦးဇော်ဇော်ပိုင်၏ မက်စ်မြန်မာ အပါအ၀င် ဧဒင် အုပ်စု၊ ဒိုင်းမွန်း၊ ရူဂျီ၊ Magic Land ကုမ္ပဏီ များကို BOT စနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
![]() |
မြကျွန်းသာ အပန်းဖြေ ဥယျာဉ် ညဘက် ရှုခင်းကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - mmdailynews.com) |
မက်စ်မြန်မာ အနေဖြင့် ဥယျာဉ်အတွင်းရှိ ပင်မကျွန်း၊ ဆိတ်ငြိမ်ကျွန်းနှင့် ကျောက်စိမ်းကျွန်း တို့တွင် စားသောက်ဆိုင်များ၊ စီးပွားရေး အဆောက်အအုံများ၊ အပန်းဖြေ အားကစားကွင်းများကို တည်ဆောက်မည်ဖြစ်ကြောင်း ဦးဇော်ဇော်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
ထိုကဲ့သို့ စီးပွားရေးကုမ္ပဏီများကို လွှဲပြောင်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက် အောက် ရှိ ပန်းဥယျာဉ်ဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခွင့်မရှိကြောင်း ပြောသည်။
Magic Land ကုမ္ပဏီ တာဝန်ရှိသူ တဦးက“အခုရတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ကိုင်ခွင့်ရတဲ့ ကာလအပိုင်းအခြားကို အခုထိမသိ သေး ပါဘူး။ နောက်ပြီး အစိုးရ Project တွေဆို ကုမ္ပဏီ အကြီးကြီးတွေကိုပဲ ချပေးတော့တယ်။ အသေးစားလေးတွေ အလုပ်မဖြစ် တော့ဘူး”ဟု ဆိုသည်။
ဦးတေဇပိုင် ထူးထရေးဒင်း ကုမ္ပဏီကလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ် နှင့် ရန်ကုန်တိုင်း အတွင်းရှိ လှော်ကား သဘာဝ ဥယျာဉ် စသော အထင်ကရ နေရာများကို နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသည်။
ယခု လွှဲပြောင်းပေးလိုက်သော မြကျွန်းသာဥယျာဉ်တွင် ရေပေါ်ဂေါက်ကွင်း၊ မီနီ ရုပ်ရှင်ရုံ၊ Activities Zone၊ Recrestion Zone စသည်တို့ ပါဝင်သော အဆင့်မြင့် အပန်းဖြေ စခန်းတခုအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
စစ်အာဏပိုင်များက ယခုနှစ် နှစ်ဆန်းပိုင်း ကလည်း ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ကို ပြည်တွင်း ကုမ္ပဏီတခုဖြစ်သည့် Natural World ကုမ္ပဏီသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးခဲ့သေးသည်။
News Ref: www.irrawaddy.org/bur

1 comments:
very good news, anyway sooner or later I wish my mother land to be a develop, thanks for sharing ko myo chit!
Post a Comment