Pages

Thursday, November 25, 2010

အထွေထွေဗဟုသုတကျန်းမာေ၇း

ခန္ဓာကိုယ် အင်္ဂါအသီးသီးကို အကျိုး၇ှိစေတဲ့ အစားအစာစာရင်း 
      တစ်ချို့ သောအစားအစာ များဟာ ခန္ဒကိုယ်၇ှိ အင်္ဂါ အသီးသီးတို့အတွက် အဖိုးတန်လှသော သီးသန့်အာဟာရ တန်ဖိုးတွေ ပါ၇ှိတတ်ပါတယ်။ အဆိုပါအစားအစာများကို စားသုးံခြင်းဖြင့်
အင်္ဂါ အသီးသီး လုပ်ငန်းတာဝန်၊ ကျန်းမာရေးတို့ကို ကောင်းမွန်စေနိုင်ပါသည်၊ အသေးစိတ်
ဖော်ပြ ရလျှင် -

(၁) ဦးနှောက် - မုန်လာဥနီ ၊ ဘရော့ကိုလီ( ပန်းဂေါ်ဖီစိမ်း) ၊ ငါး ၊ ဓာတ်တိုးဆန့်ကျင်
ပစည်းအများ အပြားပါဝင်သော သစ်သီး နှင့် ဟင်းသီးဟင်းရွက်များ။
 
(၂) မျက်စိ - ဗီတာမင်စီ ၊ အီးနှင့် လူတင်း (Lutein) ဓာတ်ကြွယ်ဝစွာ ပါဝင်သော အစား
အစာများဖြစ်တဲ့ ကိုက်လန် ၊ ဟင်းသီးဟင်းရွက်စိမ်း ၊ အရည်ရွှမ်းသော
အသီး ၊ သံပုရာသီး ၊ ကျောက်ဖရုံသီး ။

(၃) အဆုတ် - ဘီတာကယ်ရိုလင်း ဓာတ်ကြွယ်ဝ စွာပါသော အစာများဖြစ်တဲ့ သရက်သီး
မုန်လာဥနီ ၊ ဖရုံသီး ၊ ဟင်းနုနယ် ၊ ငရုတ်ကောင်း ။

(၄) နှလုးံ - သစ်သီး၊ ဟင်းသီးဟင်းရွက် ၊ ဂျုံ ၊ စပါးကဲ့သို့သော အစေ့အနှံများ ၊ အဆီ
ဓာတ်နည်းသော (သို့) မပါသော အစားအစာများ ၊ ငါး ၊ အဆီမပါသောအ
သားနဲ့ ပဲတောင့်၇ှည် ။

(၅) အရိုး - နို့ထွက်ပစည်းများ ၊ အစိမ်းရင့်ရောင်၇ှီသော ဟင်းသီးဟင်း၇ွက်များ ၊ ဗာဒံစေ့၊

နှမ်းနဲ့ နေကြာစေ့။

(၆) အရေပြား - ဘီတာကယ်လိုရင်း ကြွယ်ဝသော အစားအစာများဖြစ်သည့် အဆုတ်ကောင်း
စေသော အစားအစာများနှင့် အတူတူပင်ဖြစ်ပါသည်။

(၇) အူမကြီး - အမျှတ်ဓာတ် ကြွယ်ဝသောအစားအစာများ (ဂျုံ ၊ အသီးနှင့်
ဟင်းသီးဟင်းရွက်) ။
Ref:www.crystalrays.org
အရောင်၇ှိသော အစားအစာများနှင့် ကျန်းမာရေးတန်ဖိုး(၁) အ၀ါရောင် ၊ လိမော်ရောင်

ကျန်းမာရေးတန်ဖိုး - ကိုယ်ခံစွမ်းအားကောင်းစေခြင်း ၊ အမြင်အာရုံကောင်းစေ
ခြင်းနှင့် နှလုးံရောဂါများကို ကာကွယ်ပေးခြင်း ၊
အဓိကအစားအစာ - ပြောင်းဖူး
အခြားအစားအစာ - လိမော်သီး၊ ဂရိတ်ဖရုသီး၊ မုန်လာဥနီ
ရွှေဖရုံသီး ၊


(၂) အပြာရောင် ၊ ခရမ်းရောင်

ကျန်းမာရေးတန်ဖိုး - ဆီးလမ်းကြောင်းကျန်းမာရေးနှင့် မှတ်ဥာဏ်ပိုကောင်းမွန်
လာစေခြင်း၊
အဓိကအစားအစာ - စပျစ်သီး ၊
အခြားအစားအစာ - ခရမ်းသီး ၊ ဆီးသီး ၊ ဘလူးဘယ်ရီသီး
ဘလက်ဘယ်ရီသီး ၊

(၃) အဖြူရောင်

ကျန်းမာရေးတန်ဖိုး - နှလုးံကျန်းမာရေးကို ထိမ်းသိမ်း ကာကွယ်နိုင်ခြင်းနှင့် ကောင်း

သောကိုယ်လက်စထရော(လ်) ပမာဏကို ထိမ်းသိမ်း ပေးထား
နိုင်ခြင်း ၊
အဓိကအစားအစာ - အာလူး ၊ ကြက်သွန် ၊ မှို ။
အခြားအစားအစာ - ပန်းဂေါ်ဖီ ။

(၄) အနီရောင်

ကျန်းမာရေးတန်ဖိုး - မှတ်ဥာဏ် ချွတ်ယွင်းမှု မ၇ှိစေရန် ထိန်းသိမ်းခြင်းနှင့် ဆီးလမ်း
ကြောင်း ကျန်းမာရေးကိုကောင်းမွန်စေခြင်း ၊
အဓိကအစားအစာ - ပန်းသီး ။
အခြားအစားအစာ - ခရမ်းချဉ်သီး ၊ စတော်ဘယ်ရီသီး ။

(၅) အစိမ်းရောင်

ကျန်းမာရေးတန်ဖိုး - အမြင်အာရုံ ကောင်းစေခြင်း ၊ အရိုးနှင့် သွားများ ခိုင်မာစေခြင်း

အဓိကအစားအစာ - ပဲသီးစိမ်း ၊ ဆလပ်ရွက် ၊

အခြားအစားအစာ - ဟင်းနုနယ် ၊ ဘရော့ကိုလီ ( ပန်းဂေါ်ဖီစိမ်း)

အထက်ဖော်ပြပါ အရောင်၇ှိသော သစ်သီးနှင့် ဟင်းသီးဟင်း၇ွက်များသည် ကျန်းမာရေး
အတွက် လွန်စွာတန်ဖိုး၇ှိပါသည်။ တစ်ချို့သော ကင်ဆာရောဂါများကိုလည်း လျော့နည်း
စေသည်ဟု စိန့်လူးစ်တကသိုလ် မှ အစာအဟာရ ပညာရှင် အက်(ခ်) နန်နေလ်က ၇ှင်းပြ
ထားပါတယ်။
Ref:www.crystalrays.org
တစ်နေ့လျင်ခြောက်နာရီအောက် လျော့နည်းအိပ်စက်သူများ အသက်တိုနိုင် 
အိပ်ရေးဝအောင် အိပ်စက်မှုမရှိသော အလေ့အထ ကြာရှည်စွာ စွဲကပ်နေခြင်းသည် အသက်တိုစေတတ်ကြောင်း ပညာရှင်များက သတိပေးပြောကြား

Image


အိပ်ရေးဝအောင် အိပ်စက်မှုမရှိသော အလေ့အထ ကြာရှည်စွာ စွဲကပ်နေခြင်းသည် အသက်တိုစေတတ်ကြောင်း ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျင် (၆)နာရီအောက် လျော့နည်းကာ အိပ်စက်ချိန်ရှိသူများသည် သာမန်ထက် ပိုမိုစောစီးစွာ သေဆုံးနိုင်ကြောင်း အီတလီနှင့် ဗြိတိန်မှ သုတေသီများကဆိုသည်။ ၎င်းတို့၏ လေ့လာမှုအရ တစ်နေ့(၆)နာရီအောက်သာ အိပ်စက်သူများသည် ပုံမှန်အားဖြင့် (၈)နာရီကြာ အိပ်စက်သူများထက် ပျမ်းမျှ(၂၅)နှစ်ထိ အသက်ပိုတိုရန် (၁၂)ရာခိုင်နှုန်း ပိုမိုနီးစပ်ကြောင်း သိရသည်။ Sleepဆေးပညာဂျာနယ်က ယခုတွေ့ရှိချက်အား လူပေါင်း(၁.၅)သန်းအား မတူညီသည့် သုတေသနပြုမှု (၁၆)ခုဖြင့် လေ့လာခဲ့ပြီး ကောက်ချက်ဆွဲထားခြင်းဟု ရေးသားဖော်ပြခဲ့သည်။ (၆)နာရီနှင့် (၈)နာရီကြား ကာလသည် လူတစ်ဦး နေ့စဉ်ပုံမှန် အိပ်စက်သင့်သည့် အခြေအနေဖြစ်ပြီး ထို့ထက်ပိုခြင်း၊ လျော့ခြင်းတို့သည် စောစီးစွာ သေဆုံးခြင်းနှင့် ဆက်စပ်နေကြောင်း ဆရာဝန်များကဆိုသည်။ လောင်းဘာရိုး အိပ်စက်မှု သုတေသနစင်တာမှ ပါမောက္ခ ဂျင်မ်ဟုမ်းက “အိပ်စက်ခြင်းဟာ ဓာတ်ခွဲခန်းသုံး လစ်တမတ်စ် စက္ကူလိုပါပဲ။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရောရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်နေပါတယ်။ အိပ်တာကို အလွန်အကျွံဖြစ်ရင်၊ လိုတာထက်လျော့နေရင် တခြားရောဂါတွေ အများကြီး ရလာနိုင်ပါတယ်”ဟု ရှင်းပြခဲ့သည်။ “တချို့တွေက တစ်နေ့ကို (၅)နာရီလောက်ပဲ အိပ်ကြပါတယ်။ ဒါဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အန္တရာယ်များပါတယ်။ အိပ်ချိန်မလုံလောက်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် မောင်းနှင်နိုင်စွမ်းနဲ့ ပုံမှန်လည်ပတ်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက်လာနိုင်ပါတယ်”ဟု ဒေါက်တာဟုမ်းက ပြောကြားသွားသည်။

Source: BBC

credit to planet


0 comments:

... ကြိုဆိုပါတယ်

ခုလိုကျနော့်ဘလောဘ့်ကိုမငြီးမငြူ
ဝင်ရောက်အောင့်အီးပြီးမျှဝေခံစားပေးတဲ့
ချစ်ဘော်ဒါတွေကိုကျေးဇူးတင်ပါတယ်